Home Buddha 1-12 (ဗုဒ္မ - ၁ မှ ဗုဒ္မ - ၁၂ထိ) မေမေ့ရဲ့ကဗျာများ စုမီအောင် ကဗျာများ ဘောလုံးကြယ်ပွင့်များအကြောင်း ခရစ်စမတ်မှာ အဓိပ္ပါယ်ရှိစွာ ရင်လှိုက်သည်းဖို ၀တ္ထုတိုများ

Saturday, January 28, 2012

တစ်ယောက်တည်း ကြောက်လွန်းလို့ပါ

ပိုစ့်အဟောင်းပါ။ ရေးထားတာ ကြာပါပြီ။comment တစ်ခုမှ မရတဲ့ပိုစ့်မို့လို့ ပြန်တင်လိုက်ပါတယ်။
ဒီတစ်ခါလည်း comment တစ်ခုမှ မရခဲ့ရင်တော့ သေချာပါပြီ။ အဲဒါ တစ္စေကောင်ကြောင့်ပဲ။ သေချာတယ်။ :D


“The Terror” by Guy de Maupassant

ခင်ဗျားကပြောတယ်၊ နားမလည်နိုင်လောက်ဘူးတဲ့၊ ကျွန်တော် ခင်ဗျားကိုယုံကြည်ပါတယ်၊ ခင်ဗျားထင်နေတယ်မဟုတ်လား၊ ကျွန်တော်တော့ စိတ်ရုးပေါက်နေပြီလို့ပဲ၊ ကျွန်တော်ကလေ တကယ်တော့ ...ချစ်ရတဲ့ သူငယ်ချင်းကြီးရေ ခင်ဗျားစိတ်ကူးထဲ ထင်မြင်ယူဆနေတာထက် ကျွန်တော့်မှာ တခြား အကြောင်းပြချက်တွေရှိနေပါသေးတယ်။

ဟုတ်တယ်၊ ခု မကြာလှတဲ့အချိန်လေးမှာ လက်ထပ်တော့မယ်၊ ပြောပြပါ့မယ်၊ ဘယ်လို့ကိစ္စမျိုးကများ ဒီအဆင့်ကိုတက်လှမ်းဖို့ တိုက်တွန်းလိုက်သလဲဆိုတာကိုလေ ... ထပ်ပြောရဦးမယ်၊ ကျွန်တော့ဇနီးဖြစ်လာမယ့် ကလေးမရဲ့ အကြောင်း ကျွန်တော်သိတာ ဆိုလို့ နည်းနည်းလေးမှ တကယ့်နည်းနည်းလေးပဲရှိတယ်၊ သူလေးရဲ့အကြောင်းက မနှစ်သက်စရာတော့လဲ သိပ်မတွေ့မိဘူး၊ အဲဒါနဲ့ပဲ လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တာပဲ၊ သူလေးက လား .. သေးသေးကွေးကွေးလေး၊ မျှမျှတတရှိမယ့် ပုံလေး၊ တည်ကြည်မယ့်ပုံလေးပါ၊ မနက်ဖြန်ပြီးတဲ့ နောက်တစ်နေ့မှာဆိုရင် အရပ်လေးရှည်ရှည်၊ အသားလေးကညှိမှောင်မှောင်၊ ပိန်ပိန်သွယ်သွယ်မိန်ကလေးအတွက် စိတ်အားထက်သန်စွာ ဆုမွန်ကောင်းတောင်းပေး ရတော့မယ်၊ သူလေးက မချမ်းသာဘူး၊ ပညာအရည်အချင်းကလဲ အလယ်တန်းလောက်ထိပဲ တက်ခဲ့တာ၊ သူလေးမှာ သီးသီးသန့်သန့်ပြစရာ အရည်အသွေး မရှိလှပေမဲ့လည်း လက်ထပ်ယူလိုက်ဖို့အတွက်လည်း ထင်ထင်ရှားရှားအမှားအယွင်းလဲမရှိဘူး၊ လူတွေက သူလေးအကြောင်း ပြောကြတယ်၊ “လာဂျိုလီလေး က အလွန်သိမ်မွေ့တဲမိန်းကလေး“ တဲ့၊ မနက်ဖြန်ဆို သူတို့ပြောကြဦးမယ်၊
“အိုး သိမ်မွေ့နူးညံ့လွန်းလှတဲ့အမျိုးသမီး မဒမ်ရေမွန်“ လို့ပေါ့၊

ကဲ .. ခင်ဗျားကမေးပြီပေါ့၊ ”ဒါဆို ဒီကမ္ဘာကြီးပေါ်က ဘယ်လိုကိစ္စအတွက်လက်ထပ်ခဲ့ရသလဲ“ တဲ့၊ အကြောင်းကတော့ ကျွန်တော်တစ်ယောက်တည်းနေရမှာ ကြောက်လို့ပဲ၊ ဒီလိုအဓိပ္ပါယ်မရှိ၊ မဖြစ်စလောက် အကြောင်းပြချက်လေးကြောင့် ပြောရခက်နေတာပေါ့၊ ခင်ဗျားနားလည်အောင် ဘယ်လိုဆိုရမယ် အခုထက်ထိ မသိနိုင်သေးဘူး၊ ဒါပေမဲ့ ကျွန်တော့်စိတ်အခြေအနေကတော့ အင်မတန်စိတ်ပျက်ဖွယ်ကောင်းနေပြီ၊ ခင်ဗျားက ကျွန်တော့်ကို သနားစဖွယ်သတ္တ၀ါလို့ထင်မယ်၊ အထင်အမြင်သေးမယ်။

အဖြစ်ကတော့ ... ညတွေမှာ တကယ့်ကို တစ်ယောက်ထဲ ကြာကြာမနေရဲလို့ဗျို့၊ ကျွန်တော်နဲ့အနီးမှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့အသိ၊ ခံစားမှုမျိုးရချင်တယ်၊ တစ်ယောက်ယောက်က တို့ထိနေတာမျိုး၊ စကားစမြည်ပြောဆိုနေတာမျိုး၊ ဘာပဲဖြစ်ဖြစ်ပြောနေဦးဗျာ ရတယ်၊ ဘာအကြောင်းအရာပဲပြောနေနေ၊ ကျွန်တော့်ဘေးက တစ်စုံတစ်ယောက်ကြောင့် ရှင်သန်နိုးထနေဖို့ အင်မတန် လိုလားတယ်၊ အဲဒီ တစ်ယောက်ယောက်သာ ရှိနေရင်ဗျာ ကျွန်တော် မေးခွန်းတချို့ ချက်ချင်းမေးနိုင်မယ်၊ ပေါက်တတ်ကရမေးခွန်းမျိုးပဲ ဖြစ်နေဦးတော့၊ လူသားတစ်ယောက်ရဲ့အသံကြားနေရရင်၊ ကျွန်တော့်ရဲ့ ၀ိညာဉ်လိပ်ပြာကနိုးထကောင်းပါရဲ့၊ ဖန်မီးအိမ်ရဲ့ အလင်းရောင်ကိုခပ်သုတ်သုတ်လေးမြှင့်ပြီး ကျွန်တော့်ဘေးက လူသားရဲ့မျက်နှာကို ကြည့်နိုင်မယ်၊ ဘာကြောင့် .. ဘာကြောင့်လဲ ..

အင်း .. ၀န်ခံရမှာတော့ရှက်သား၊ ဘာကြောင့်လဲလို့ ဆိုရရင် .. တစ်ယောက်တည်းဖြစ်နေတာကို ကြောက်လို့ပေါ့၊

အိုး...ခင်ဗျား .. အခုထိ ကျွန်တော့်ကို နားမလည်နိုင်သေးပဲကိုး.. ပြောရရင် ဘယ်လိုအန္တရာယ်မျိုးမှ ကျွန်တော်မကြောက်ဘူး၊ လူတစ်ယောက်အခန်းထဲ ၀င်လာပါစေဦး၊ ကြောက်ရွံတုန်လှုပ်မှုမရှိပဲ ဂုတ်ချိုးပြီး သတ်ပစ်နိုင်တယ်၊ စိတ်နယ်လွန်ကိစ္စရပ်တွေကို ကျွန်တော် အယုံအကြည်ရှိပေမဲ့ တစ္စေသရဲ လားလားမှမကြောက်ဘူးဗျို့၊ လူသေတွေကိုလည်းမကြောက်ဘူး၊ ဒီကမ္ဘာကြီးမျက်နှာစာမှာ ရှိနေသမျှတွေ ပျောက်ဆုံးသွားအောင် ခြေမှူန်းပစ်နိုင်တယ်လို့လဲ ယုံကြည်ထားတယ်၊ ဒါနဲ့များတောင် ကျွန်တော်ဘာကိုကြောက်နေလဲ ခင်ဗျားက စကားနာထိုးတော့မယ်၊ ကောင်းပါပြီလေ၊ ပြောရဦးတော့မယ်၊ ကျွန်တော် ကိုယ်တိုင် ကိုယ့်ဘာသာ ကြောက်လွန်းလို့ .. ရှုပ်ထွေးပွေလီလှတဲ့ စိုးရိမ်ထိတ်လန့်မှုရဲ့နောက်ကွယ်မှာ .. ကြောက်စရာအာရုံတွေ ကြိုကြိုပြီး ရနေသလိုပဲ။

Friday, January 27, 2012

အိမ်လေးထဲက လိမ္မော်ရောင် အခင်းအကျင်း

၎ ရက်လောက် ဖျားနေလိုက်တာ၊ ညက်လုံးတောင်မဖွင့်နိုင်ဘူးဖြစ်သွားတော့ စာလည်းမရေးနိုင်ပါဘူး။
ဘလောဂ့်ကိုလည်းလှည့်မကြည့်နိုင်ဘူး။
ခုတော့ နေကောင်းပါပြီ။
ဘလောဂ့်အတွက်လည်းစာသပ်သပ်လည်းမရေးနိုင်တာနဲ့ပဲ။
အွန်လိုင်းမတက်နိုင်တဲ့ သုံး လေး  ရက်လောက်လည်း အစ်မနဲ့ အမေ မေးလ်ပို့ပြီး မေးနေကြတာကလွဲလို့ သူငယ်ချင်းတွေက သတိတောင်မထားဖြစ်ကြပါဘူးထင်ပါတယ်။ တစ်ယောက်မှကို မမေးပါဘူး။ အားလုံးလည်း ကိုယ့်အလုပ်နဲ့ကိုယ့်ရှုပ်နေကြတာကိုနော်။ ဘလောဂ့်တွေလည်း မလည်နိုင်လို့ ခု နား နား ပြီး စာ လည် ဖတ်ပါမယ်လို့ ချစ်တဲ့သူငယ်ချင်းတွေကို ပြောချင်လို့ပါ။
အဲဒါကြောင့် အခု နှင်းကို မချစ်တော့ပါဘူး။ ချမ်းတယ်။ ဖျားတယ်။


သမားရိုးကျအရောင်တွေမသုံးပဲ နည်းနည်းထူးခြားတဲ့အိမ်ခန်းလေးဖြစ်သွားအောင် ကိုယ့်အိမ်ခန်းလေးကို လိမ္မော်ရောင်နဲ့အလှဆင်ကြည့်ရအောင်နော်။ လိမ္မော်ရောင်ဟာ အလင်းများတဲ့အိမ်ခန်း အပြင်အဆင်ဖြစ်အောင်ဖန်တီးပေးနိုင်ပါတယ်။ လှုပ်ရှားသွက်လက်တဲ့အရောင်၊ စိတ်ဝင်စားစရာကောင်းတဲ့အရောင်ပါ။ တစ်ခြားအရောင်တွေအများကြီးနဲ့လည်း ယှဉ်တွဲသုံးနိုင်တာမို့ လွတ်လွတ်လပ်လပ်ရွေးချယ်စရာများတဲ့အရောင် ဖြစ်နေပါသေးတယ်။ အနီနဲ့လိမ္မော်ရောင်ကိုတွဲပြီး ပန်းချီကားလေးပါ နံရံမှာရက်ဖွဲ့လိုက်ဦးမယ်ဆိုရင် အလုံးစုံပြည့်စုံတယ်လို့မဆိုနိုင်ရင်တောင် စွဲဆောင်မှုတွေနဲ့ပြည့်စုံနေတဲ့အိမ်ခန်းလေးတစ်ခု ဖြစ်သွားမှာတော့ အသေအချာပါ။ အပြာ၊ ခရမ်း နဲ့ အစိမ်းရောင်တို့လို ကွဲပြားတဲ့အရောင်တွေနဲ့ ပေါင်းစပ်ပြီး ထူးခြားတဲ့အရောင်စပ်ဟပ်မှုအဖြစ် ဖန်တီးကြည့်နိုင်ပါတယ်။

လိမ္မော်ရောင်နဲ့ ကြားရောင်(Neutral color)တွေ ရောယှက်အလှဆင်ကြည့်တဲ့အခါ … 

 လိမ္မော်ရောင်နဲ့ တောက်ပတဲ့အရောင်တွေဆိုရင်ရော …
ကရင်မ်ရောင်၊ မီးခိုးရောင်အလင်းများများအပြင်အဆင်လေးပါ။

လိမ္မော်ရောင်စဉ်ထဲက ကွဲထွက်နေတဲ့ အပြာ၊ အစိမ်း၊ ခရမ်းရောင်လို အရောင်သုံးကြည့်ချင်ရင်တော့ အိမ်ခန်းအလှဆင်ပစ္စည်း၊နဲ့ ပရိဘောဂသေးသေးလေးတွေအသုံးပြုနိုင်ပါတယ်။ ပုံထဲကအတိုင်း လိမ္မော်ရောင်နဲ့ တာကွိုက်ကျောက်အသုံးအဆောင်၊ လိမ္မော်ရောင်နဲ့ အရွက်စိမ်းစိမ်းအပင်လေးတို့ကို အတူတကွအလှဆင်ကြည့်လိုက်တဲ့အခါ ထူးခြားတဲ့အိမ်ခန်းလေးဖြစ်ဖို့ အရောင်အစပ်အဟပ်က အရေးကြီးတယ်ဆိုတာ သိသာလာတော့တယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်အနုအရင့်တွေတစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိနေမှသာ အရောင်တွေနဲ့ပြန့်ကျဲနေတဲ့အခန်းမျိုးမဖြစ်တော့ပဲ သေသပ်လှပတဲ့အခန်းလေး ရလာနိုင်ပါတယ်။


လိမ္မော်ရောင် အရင့်နဲ့ အသွေးဖျော့ဖျော့တွေကို အခန်းကျယ်တွေမှာဖန်တီးကြည့်ပါ။

အညိုရင့်၊၊အနက်ရောင်သစ်ကိုင်း၊ အနက်နဲ့အဖြူကောဇော၊လိုက်ကာတွေနဲ့ အသွေးရင့်လိမ္မော်ရောင်စပ်ထားပေမယ့် ဒီအခန်းလေးက မှိုင်းညို့မသွားပဲ လန်းဆန်းတောက်ပလို့နေတယ်။
 လိမ္မော်ရောင်အသွေးဖျော့နဲ့ အညိုရောင် အသားရောင်၊ ကရင်မ်ရောင်လေးတွေနဲ့  အခန်းလေးကလည်း ချစ်စရာ
လိုက်ဖက်တဲ့အရောင်တွေ အချိတ်အဆက်မိမိ နေရာချထားပေးတဲ့အိမ်ခန်းကတော့ ပြခန်းလေးတစ်ခန်းလို

အလင်းများများ တောက်ပတဲ့လိမ္မော်ရောင်အခန်းလေး

လိမ္မော်သွေး အနုအရင့်ထဲမှာ အိမ်ခန်းလေးက လင်းလက်နေတာပဲ
အနက်ရောင်နဲ့ ပေါင်းစပ်ထားတာရယ်၊ အရောင်ဖျော့လေးတွေနဲ့ ပေါင်းစပ်ထားတာရယ်ယှဉ်ကြည့်တဲ့အခါ ကွဲပြားတဲ့အရောင်လိုက်ဖက်မှုကို တွေ့နိုင်ပါတယ်။
လှုပ်ရှားသွက်လက်တဲ့အရောင်တစ်ရောင်ဖြစ်တဲ့ “လိမ္မော်ရောင်” နဲ့ အိမ်ခန်းလေးအလှဆင်ကြည့်ရမှာ စိတ်ဝင်စားစရာတော့အကောင်းသားနော်။        ။

Living Fashion Magazine, February 2012

Tuesday, January 10, 2012

ပျော်ပါရဲ့လား မွေးနေ့ရှင်

ယူရိုငွေစက္ကူ မွေးနေ့ရှင်လေးဟာ ၁၀နှစ်ပြည့်ခဲ့ပြီ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာကတော့ အဲဒီငယ်ရွယ်သူလေးက မွေးနေ့ပွဲကျင်းပဖို့ စိတ်ပါလက်ပါသိပ်မရှိလှပါဘူး။ ပြီးခဲ့တဲ့ ၁၀နှစ်မှာ ယူရိုဘဏ်ကနေ ငွေစက္ကူလေး မွေးဖွားခဲ့ပါတယ်။ ဒီအချိန်အခါကို မှတ်မှတ်သားသားဖြစ်စေချင်ကြတယ်။ ဥရောပဗဟိုဘဏ်ကနေပြီး ဗီဒီယိုတစ်ခုပြုလုပ်ဖို့ တန်ဖိုးရှိလှတဲ့ယူရိုတချို့ကို သုံးစွဲခဲ့ပါတယ်။

အခုသတင်းမှာပြထားတဲ့ဗီဒီယို ကောက်နှုတ်ချက်မှာ မြင်တွေ့နိုင်ပါတယ်။ နောက်ခံစကားပြောသူက ပြောတယ်။ “ဥရောပဟာ တံတားတွေကို တည်ဆောက်ပြီး မျှော်လင့်ချက်တွေအသက်သွင်းလိုက်တယ်။ အဲဒါဟာ လူတွေ သူတို့အနာဂါတ်ကို စိတ်ချယုံကြည်မှုအပြည့်နဲ့ ကြည့်မြင်နိုင်စေပါတယ်။” တဲ့။

Monday, January 9, 2012

အမျိုးသမီးတွေရဲ့ သြဇာ .. အမြင့်ဆုံး ဘယ်ဆီမှာ

ဒီကမ္ဘာကြီးထဲကအမျိုးသမီးတွေရဲ့အနာဂါတ်ကို ယူအက်စ်လို၊ စကန်ဒီနေဗီးယားလိုနိုင်ငံတွေမှာ လင်းလက်တောက်ပနေတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် မူဘိုင်း၊ မနီလာနဲ့ ဆာပေါ်လို လမ်းမတွေပေါ်မှာ သရက်သီးကနေ အိမ်ချုပ် အ၀တ်အထည်တွေအထိ ပစ္စည်းစုံရောင်းချနေကြတဲ့ ကုန်သည်၊ စီးပွားရေးသမား အမျိုးသမီးတွေစီတန်းနေတာ တွေ့မြင်နေကြရတယ်။  မိခင်တိုင်းပြည်တွေရဲ့ လုပ်ငန်းခွင်ကအောက်ခြေလုပ်သားအဲဒီအမျိုးသမီးတွေဟာ ၂၁ရာစုထဲကအမျိုးသမီးတွေရဲ့ ဘ၀မြင့်မားတိုးတက်မှုကို ကန့်သတ်တဲ့အစွန်းအနားအဖြစ်ကိုယ်စားပြုတယ်လို့ အမြဲလိုသတ်မှတ်ခဲ့ကြတယ်။

အချမ်းသာဆုံးတိုင်းပြည်တွေမှာပဲ အမျိုးသမီးတွေရဲ့တက်လမ်းဟာ လုံးလုံးလျားလျား မြင်သာထင်သာရှိခဲ့တယ်ဆိုတဲ့ဆယ်စုနှစ်တွေထဲက အခု ဆုတ်ခွာလာခဲ့ပါပြီ။ သုတေသနပြုလေ့လာမှုတွေဟာ ဘောင်ကျဉ်းနေသေးပေမယ့် အမျိုးသမီးတွေရဲ့အောင်မြင်မှု တိုးတက်နေတာကို တွေ့ခဲ့ကြတယ်။ အမျိုးသမီးတွေနေရာတိုင်းမှာ ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းနေကြပြီ။ ဖွံဖြိုးဆဲတိုင်းပြည်တွေမှာ လျင်လျင်မြန်မြန်ကြီးပဲ တိုးပွားလာနေပါတယ်။

Saturday, January 7, 2012